top of page
Search

အတွေးများစွာနဲ့ လပြည့်ဝါဆို

  • thonepanhlamyanmar
  • Aug 5, 2022
  • 1 min read



သတိရမိတာက မိန်းမကပြောခဲ့သော စကားတခွန်း" ဆေးလိပ်ပဲထိုင်သောက်နေမှာလား?"


လွန်လေပြီးသော ဇွန်လ ၁၈ရက် ၂၀၂၀၊ ကျွန်တော့မွေးနေ့

အဖေ ဒေါနှင့်မောနှင့် အိမ်‌ရောက်လာကာ

သူတို့မင်းကို အလုပ် လူလျှော့တဲ့အထဲ ထည့်တာ ငါ့မျက်နှာကိုတောင်မထောက်၊ ငါသူတို့ကို ဒီလိုဖြစ်လာအောင် အများကြီး လုပ်ပေးခဲ့တာ၊ လူတွေကျေးဇူးတရားဆိုတာမေ့နေပြီလား၊ ငါသွားတွေ့မယ်။


"ထားလိုက်ပါအဖေ၊ အဖေသွားပြောလို့ အလုပ်မှာပြန်ခန့်ပြီးကျန်နေရင်လဲ၊ သူတို့မျက်နှာပိုကြည့်နေရမယ်"


အဲ့လိုနဲ့ "သူ့ကျွန်မခံပြီစိတ်ကို ရဲရဲကြီးမွေးပြီး" အလုပ်သစ်ရှာမယ်ပေါ့


ဒီဇင်ဘာ ၂၀၂၀ အထိ Covid တွေကြောင့် အလုပ်ကရှာမရနဲ့

အမေက "ငါ့သား မင်း ငါ့မြေးမလေးနဲ့ မင်း အလုပ်မရှိတာ ဘယ်လိုစားကြမလဲ"

မင်းတို့ အမေရိကားကို ပြန်ကြ၊

ကျွန်တော် ကျောက်ဆည်သား အရမ်းခေါင်းမာပါတယ်၊ ဆံတော်ရှင်တွေရှိတဲ့ မြေက မပြန်ခြင်ဘူးလေ...


ဒီဇင်ဘာ ၂၂, ၂၀၂၀ မှာ အမေဆုံးခဲပြီး အားကိုးရာ တစ်ဖက်မဲ့ခဲ့သော်လည်း ကြိုးစာရှာတဲ့အလုပ် တစ်ခုမှ ပေါ်မလာခဲ့


လက်နှစ်ဖက်ရှိတာ ဘာမှ အလုပ်မရရင်

အမေ နောက်ဆုံးပြောခဲ့သလိုပေါ့


"ငါ့သား မင်းတို့က အခြားသူတွေလိုမဟုတ်ဘူး နဲနဲလုပ် များများရကြတာ ပုတီးပြန်ကိုင်ပါ သားရယ်" လို့တဖွဖွပြောခဲ့တဲ့စကားကိုမလွန်ဆန်နိုင်....(ကျွန်တော့အကြောင်း အမေသိတာ ပုတီးမကိုင်ပဲနေနေတာ ၁၆နှစ်ကျော်)


၁၄ နှစ်သားထဲက ၃နှစ် ၃မိုး မဟာဂန္ဓာရီလမ်းကို တောတကာ့တောတွေနဲ့ အနောက်ရိုးမကြီးမှာ အဖေါ်မပါ လျှောက်လှမ်းခဲ့တဲ့ ကျွန်တော် ပုတီးပဲ ပြန်ကိုင်‌ တော့တယ်


အရဟံ ဂုဏ်တော်ကို

တစ်နေ့ ၆နာရီ ပုတီးစိပ်ပြီး ပရိတ်ပဌာန်းနဲ့ဆို ၉နာရီလောက် ဆက်တိုက် နေ့စဉ်ရက်ဆက် မဆုံးတိုင် ပူဇော်လိုက်တယ်။ မထိုင်တာကြာတော့ မိန်းမဖြစ်သူ Brittney က နေ့တိုင်း နှိပ်ပေးရတဲ့ အလုပ်ပိုလာသပေါ့


ဒီအဖြူမက ယုံတယ်နော်၊ သူ့မျက်စိ နားနဲ့ တပ်အပ်တွေ့ဘူးတဲ့ အတွေ့အကြုံတွေက မနည်းတော့

(ပရိတ် ပဌာန်းများ အိမ်၏ဘုရားခန်းထဲ၌ သူ့အလိုလို လူမမြင်ရပဲ အသံဖြင့်သာ ရွတ်ဆို‌နေခြင်း)

မငြီးမညူ နေ့တိုင်း သက်သတ်လွတ် ဥပုပ်မှီအောင် အမှီချက်ပြီး ထောက်ပံ့ခဲ့သူ..


ဧပြီလ ၂၀၂၁ တနေ့သ၌

Brittney က စားဖို့ ဈေးဝယ်ဖို့ ဘဏ်ထဲမှာ ၁၅၀၀၀ ကျပ်ပဲ ကျန်တော့ကြောင်း ပြောလာလေ‌‌သောအခါ...


ယောကျာ်းတို. သိက္ခာကျလေပြီ...


အဲ့လို ၁၅၀၀၀ ကျပ် နဲ့ မိန်းမဖြစ်သူ Brittney က စိုးရိမ်လာပြီပေါ့

နှစ်ယောက်ထဲမှ မဟုတ်တာ Bella လေးကရှိသေးတော့


ဘယ်ကမှန်းမသိတဲ့ ကြောင်နှစ်ကောင်က အစာလာတောင်းတော့ Brittney က ငါတို့ ဈေးဖိုး ၁၅၀၀၀ ပဲ ရှိတာ ဘယ်လိုလုပ်မလည်းတဲ့


ကျွန်တော် သောက်လက်စ ဆေး‌ပေါ့လိပ်လေးဖွာရင်း

"ကျွေးလိုက်ပါ သူ့အလိုလိုဖြစ်လာလိမ့်မယ်"


(တစ်ရက် ၅၀၀ကျပ်-၁၀၀၀ကျပ် ဖိုး ယနေ့ထိကျွေးနေပါတယ်)


Brittney သူကယုံ‌တော့ယုံတယ်။

ဒါပေမဲ့ လူ့သဘာဝအတိုင်း မေးလိုက်တဲ့ စကားတစ်ခွန်းက ယောကျာ်းတစ်ယောက် ရင်ထဲ ဆို့နင့်သွားစေခဲ့တယ်...


"ဆေးလိပ်ပဲထိုင်သောက်နေမှာလား" တဲ့

(ပုတီးစိပ်ပြီးရင် ဆေးလိပ်သောက်တာ တစ်ခုပဲလုပ်တဲ့ ကျွန်တော်)


ယုံကြည်မှု့ဆိုတာ နက်ရှိုင်းပါတယ်၊ ကူညီသူတွေကို သူမမြင်ရတာ သူ့အပြစ် မဟုတ်ခဲ့ပါ။


ခပ်မာမာနဲ့ပဲ

Brittney ရေ "အချိန်မရောက်သေးလို့ပါ သူ့အလိုလိုဖြစ်လာပါမယ်" လို့သာဆိုခဲ့ရတယ်


"အရဟံ" အရဟံ မရှိရင် ကျန်တဲ့ ဂုဏ်တော်တွေဖြစ်မလာနိုင်

ကိုင်ထားတာက အချုပ်


ယုံကြည်မှု့နဲ့ အရဟံ တစ်လုံးပဲ သိန်းပေါင်းများစွာ ပိုင်အောင် ပူဇော်ခဲ့ပါတယ်။ (ယနေ့အထိလည်းစိပ်နေပါတယ်)


"ဆု"

အရေးကြီးဆုံးပါ


ကိုယ့်အတွက် အလုပ်မရှိတဲ့အချိန်၊ အလုပ်‌လေးရအောင် ခွေးမဖြစ်အောင် ဆုမတောင်းခဲ့ပါ။

ကိုယ့်အတွက် ကိုယ်ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တစ်ရက် ၆-၉ နာရီ ဂုဏ်‌တော်ပွား ပဌာန်း ပရိတ်ရွတ်တာ အလကားပါဗျာ


မြင်နေ ကြားနေရတာကို ဘယ်လိုဆု‌တွေတောင်းအုံးမလဲ

ခွံကျွေးနေတာကို လောဘကြီးပြီး ဟိုဟာလိုချင် ဒီဟာလိုချင်ဆို ခွံကျွေးနေသူတွေ အမျက်တော်ရှနိုင်တယ်လေ


အဲ့ဒီတော့ မေတ္တာနာနာပို့ပြီး ဘယ်ဆုမှ မတောင်း ဘုရားသာ အာရုံပြု ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အဓိကပါ


ကျေးဇူးတော်ရှင် မွေးစားဖခင် ကျိုက်ထီးဆောင်း အဘိုးဆရာတော်ကြီးပြောခဲ့သလိုပေါ့


ထားရာတွင်နေ...

စေရာကိုသွား..

ခိုင်းတာကိုလုပ်...

ကျွေးတာကိုစား...

ပေးတာကိုယူ...


ဆိုတာအလကားမဟုတ်ခဲ့သလို


အရဟံ ကိုလည်းဆောင်

ရတနာ သုံးပါကိုလည်း မမေ့

ကူညီသူတွေများတဲ့

သုံးပန်လှ ဖြစ်တည်ခဲ့ပါတယ်။


ဤဝါဆိုလပြည့် ခါသမယ၌ ဘုရားဂုဏ် တရားဂုဏ် တို့၏ နက်နဲလှစွာသော အကြောင်းတရားများကိုစဉ်းစားရင်း...


ဒီဗလချာ အမိုက်တွေ ခဝါတိုက်သလို ဖြူစင်ဘို့အရေး...

ကာယဝစီ၊ မနောတွေ ဘေးချိတ်ပြီး

ဆေးလိပ်သောက်ရင်း ဓမ္မမင်း‌မျှော်မယ်...


သုံးပန်လှ

ကိုရဲ

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

9969444900

©2022 by Thone Pan Hla.

bottom of page